မြန်မာသံရုံး၊ ဖနောင်ပင်မြို့၌ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကျင်းပ

(၁၈-၄-၂၀၂၆ ရက်၊ ဖနောင်ပင်)

မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကို ကောဇာ သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်၊ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ၁၅၀၀ နာရီတွင် မြန်မာသံရုံး၊ ဖနောင်ပင်မြို့၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ နှစ်သစ် ကူးအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ပွားသရဇ္ဈယ်ခဲ့ကြပြီးနောက် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းမိသားစုများက သံဃာတော်များထံ လှူဖွယ်ဝတ္တူ များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။