မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့၊ သံရုံးယာယီတာဝန်ခံက အာဆီယံ-ပရီတိုးရီးယားကော်မတီ အလှည့်ကျဥက္ကဌအဖြစ် တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေး ကျင်းပ၍ အာဆီယံ – ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌရာထူးကို စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း

(၆-၁-၂၀၂၆ ရက်နေ့၊ ပရီတိုးရီးယား)

အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းသည် အာဆီယံ – ပရီတိုးရီးယား ကော်မတီ၏ တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လည် ၁၁ ၄၅ နာရီအချိန်တွင် ပရီတိုးရီးယားမြို့၊ Time Square, Menlyn ရှိ Shun De Restaurant ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပရီတိုးရီးယားမြို့ရှိ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ် စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာသံရုံးမှ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ ဒုတိယနှစ်ဝက် ကာလအတွင်း အာဆီယံ – ပရီတိုးရီးယားကော်မတီ၏ ဆောင်ရွက်မှုများ၊ တောင်အာဖရိက နိုင်ငံအစိုးရဌာနများ အပါအဝင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုအခြေအနေ များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၆ ခုနှစ်၊ ပထမ (၆) လတာကာလအတွက် အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌရာထူးအား စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အစည်းအဝေးအပြီး သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းမှ အစည်းအဝေးတက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။