(၂၆-၁၁-၂၀၂၅ ရက်၊ ပရီတိုးရီးယား)
အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းသည် တောင်အာဖရိကနိုင်ငံသို့ တာဝန် ထမ်းဆောင်ရန် အသစ်ရောက်ရှိလာကြသည့် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Ekapol Poolpipat နှင့် မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato Yubazlan bin Haji Yusof တို့အား ကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် နေ့လည်စာစားပွဲအခမ်းအနားတစ်ရပ်ကို ၂၀၂၅ ရက်နေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ် ၁၂ ၃၀ အချိန်တွင် ပရီတိုးရီးယားမြို့ရှိ Pachas Restaurant ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါနေ့လည်စာစားပွဲအခမ်းအနားသို့ ပရီတိုးရီးယားမြို့ရှိ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများအပြင် တောင်အာဖရိကနိုင်ငံ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန၊ အာရှနှင့် အရှေ့အလယ်ပိုင်းရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ သံအမတ်ကြီး Ms. Zodwa Lallie နှင့် အရှေ့အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး Ms. Thandiwe Fadane တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
နေ့လည်စာစားပွဲအခမ်းအနားတွင် သံရုံးယာယီတာဝန်ခံက တောင်အာဖရိကနိုင်ငံသို့ သံအမတ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် မလေးရှားနိုင်ငံသံအမတ်ကြီးတို့ကို အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကနိုင်ငံမှ ကြိုဆိုပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် သံအမတ်ကြီး Ms. Zodwa Lallie နှင့် ညွှန်ကြားရေးမှူး Ms. Thandiwe Fadane တို့အား ကျေးဇူးတင်ရှိကြောင်းနှင့် တောင်အာဖရိကအစိုးရအနေဖြင့် G-20 အလှည့်ကျဥက္ကဌရာထူး အား အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့မှုအတွက် အာဆီယံ-ပရီတိုးရီးယားကော်မတီမှ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။
***************************

