မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံက ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာန၊ တောင်နှင့်အရှေ့တောင်အာရှဌာနခွဲ၏ အကြီးအမှူးဖြစ်သူ Ms. Vladimíra Hirsch အား သွားရောက်တွေ့ဆုံ

(၈-၁၀-၂၀၂၆၊ ပရာ့ဂ်)

​မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင်သည် ၇-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) ၁၄၀၀ နာရီအချိန်တွင် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာန၊ တောင်နှင့်အရှေ့တောင်အာရှဌာနခွဲ၏ အကြီးအမှူးဖြစ်သူ Ms. Vladimíra Hirsch အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံစဉ်အတွင်း အဆင့်မြင့်အရာရှိ Mr. David Steinke လည်း ပါဝင်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ပရာ့ဂ်ရှိ သံတမန်အသိုက်အဝန်း၏ လှုပ်ရှားဆောင်ရွက်မှု များ၊ ဒေသန္တရထုံးတမ်းစဉ်လာများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။