(၇-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင်သည် ၂၃-၉-၂၀၂၆ ရက်နေ့တွင် ထိုင်းသံရုံးမှ သံအမတ်ကြီး H.E. Mr. Pichit Boonsud အားလည်းကောင်း၊ ၂၅-၉-၂၀၂၆ ရက်နေ့တွင် ဖိလစ်ပိုင်သံရုံးမှ သံအမတ်ကြီး H.E. Mr. Eduardo Martin R. Menez အားလည်းကောင်း၊ ၂၉-၉-၂၀၂၆ ရက်နေ့တွင် အင်ဒိုနီးရှားသံရုံးမှ သံအမတ်ကြီး H.E. Mrs. Rina P. Soemarno အားလည်းကောင်း၊ ၆-၁၀-၂၀၂၆ ရက်နေ့တွင် ဗီယက်နမ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Duong Hoai Nam အားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ပရာ့ဂ်မြို့ရှိ အာဆီယံသံတမန်အသိုက်အဝန်း (ASEAN Committee in Prague-ACP) ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဒေသန္တရ သံတမန်ရေးရာ ထုံးတမ်းစဉ်လာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။




