(၆-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင် သည် ၅-၁၀-၂၀၂၆ ရက် (တနင်္လာနေ့) ၁၅:၀၀ နာရီအချိန်တွင် ချက်သမ္မတနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mrs. Anna Vladimirovna PONOMAREVA အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး၊ ချက်သမ္မတနိုင်ငံဆိုင်ရာ သံတမန်ဓလေ့ထုံးတမ်းများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

