မြန်မာသံရုံး၊ နယူးဒေလီမြို့တွင် အာဆီယံ ဂီတနှင့် အစားအစာပြပွဲ ကျင်းပ

(၁၂-၉-၂၀၂၁ ရက်၊ နယူးဒေလီ)

နယူးဒေလီမြို့ရှိ အာဆီယံ-နယူးဒေလီကော်မတီ (ANDC) ၏ activities တစ်ရပ်အဖြစ် အာဆီယံ ဂီတနှင့် အစားအစာပြပွဲကို ၁၂-၉-၂၀၂၁ ရက်နေ့တွင် မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ရာ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများနှင့် ဇနီးများ၊ အာဆီယံသံရုံးများမှ သံတမန်များ စုံညီစွာ တက်ရောက်ကြပြီး အာဆီယံသီချင်း သီဆိုခြင်း၊ နိုင်ငံအလိုက် ရိုးရာဂီတများဖြင့် ဖျော်ဖြေခြင်းနှင့် ရိုးရာအစားအစာများ မိတ်ဆက် တည်ခင်းခြင်းတို့ဖြင့် အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။