မြန်မာသံရုံး၊ နယူးဒေလီမြို့မှ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံတော်အလံအား အလေးပြုပွဲ အခမ်းအနား ကျင်းပ(၄-၁-၂၀၂၃ ရက်)

(၄-၁-၂၀၂၃ ရက်၊ နယူးဒေလီ)
 
၄-၁-၂၀၂၃ ရက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခါသမယတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်၍ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများမှ မြန်မာသံရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရှိရပါသည်။