မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် သံရုံးဝန်ထမ်းများ ဘုံကထိန်အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း

(၇-၁၁-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဗုဒ္ဓဂယာ မဇ္ဈိမဒေသ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ၄-၁၁-၂၀၁၉ ရက်နေ့၊ တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့်ဇနီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ (ကြည်း၊ ရေ၊ လေ) စစ်သံရုံးတို့မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော သံဃာတော်များ/ သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။