(၁-၁၁-၂၀၂၂ ရက်၊ တိုကျို)
တိုကျိုမြို့အခြေစိုက် အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-တိုကျိုကော်မတီ (ASEAN Committee in Tokyo-ACT) ၏ နှစ်စဉ်ကျင်းပပြုလုပ်သည့် ACT Golf Tournament 2022 ပြိုင်ပွဲအား မြန်မာသံရုံးမှဦးဆောင်၍ Chiba ခရိုင် TOMISATO GOLF CLUB ၌ ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ACT Golf Tournament 2022 ပြိုင်ပွဲသို့ တိုကျိုမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဒုတိယအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးတာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များဖြင့် ပြိုင်ပွဲဝင် စုစုပေါင်း (၅၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ဆုပေးပွဲအခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အမှာစကားပြောကြားခဲ့ပြီး ACT Golf ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံးအသင်းလိုက်ဆု၊ သံအမတ်ကြီးများအလိုက် အကောင်းဆုံးဆု၊ ကစားသမားများ တစ်ဦးချင်းအလိုက် အကောင်းဆုများအပါအဝင် စုစုပေါင်းဆုအမျိုးအစား (၁၉) မျိုးအား သံအမတ်ကြီးဦးစိုးဟန်နှင့် အာဆီယံသံအမတ်ကြီးများမှ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။













