မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် သည် ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့၊ နေ့လည် ၁၂:၃၀ နာရီတွင် iLGiardino, Botanic Gardens ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. ZHOU Suli မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် မြန်မာသံရုံး၊ စင်ကာပူမြို့အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သွားရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


