၁။ မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင်သည် စင်ကာပူမြို့အခြေစိုက် မလေးရှားသံရုံး၏ အစီအစဉ်ဖြင့် ၁၂-၅-၂၀၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ Johor-Singapore Special Economic Zone (JS-SEZ) လေ့လာရေးခရီးစဉ်၌ စင်ကာပူ မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ သွားရောက်လေ့လာခဲ့ပါသည်။
၂။ အဆိုပါလေ့လာရေးခရီးစဉ်ကို အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ စေရေးအတွက် အလားအလာရှိသည့် အခွင့်အလမ်းများကို ရှင်းလင်း မိတ်ဆက်ပေးရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ခရီးစဉ်အတွင်း Invest Malaysia Facilitation Centre Johor (IMFC – J) မှ တာဝန်ရှိသူများက စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Iskandar Malaysia Studio (IMS) နှင့် Sultan Abu Bakar Heritage Complex တို့သို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့် ရိုးရာယဉ်ကျေးမှုများကို လေ့လာခဲ့ကြပါသည်။
၃။ Johor-Singapore Special Economic Zone (JS-SEZ) သည် စင်ကာပူနိုင်ငံနှင့် မလေးရှား နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ကာ ဒေသအတွင်း စီးပွားရေး အချက်အချာကျသော သီးသန့်စီးပွားရေးဇုန်တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက် ရှိသော စီမံကိန်းတစ်ခုဖြစ်ပါသည်။
မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ အထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာ(၁၅-၅-၂၀၂၆)

