မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်မှ စင်ကာပူနိုင်ငံဆိုင်ရာ ဂျော်ဒန်နိုင်ငံ၊ သံအမတ်ကြီး H.E Dr. Sáed Radaideh အား ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ သံရုံးယာယီ တာဝန်ခံက မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်မှ ဂျော်ဒန်နိုင်ငံ၊ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၁၄-၅-၂၀၂၆၊ စင်ကာပူ)

