မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Human Rights and Humanitarian Division မှ Principal Assistant Secretary နှင့် တွေ့ဆုံ (၂၂-၃-၂၀၂၃ ရက်)

(၂၂-၃-၂၀၂၃ ရက်၊ ကွာလာလမ်ပူ)

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမြင့်ထွန်းသည် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Human Rights and Humanitarian Division မှ Principal Assistant Secretary ဖြစ်သူ Mr. Neermal Shunmugam အား ၂၂-၃-၂၀၂၃ ရက်၊ (၁၅:၀၀)နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံစဉ် သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးမြင့်ထွန်းမှ Memorandum on Current Situation and Developments in Myanmar ပါ အဓိက အချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံဘက်မှ ယခုကဲ့သို့ လာရောက် ဆွေးနွေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ မီဒီယာများပေါ်တွင်သာ သတင်းမှီခိုနေရသည့်အတွက် မြန်မာနိုင်ငံ၏ သတင်းမှန်ကို အမှန်တစ်ကယ် လိုအပ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံကိစ္စအပေါ် မျှတစွာ စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိစ္စသည် အတူတကွ ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် Memorandum on Current Situation and Developments in Myanmar စာအုပ်အား လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။