မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအရာရှိနှင့် တာဝန်ရှိသူများ မလေးရှားနိုင်ငံ Bukit Jaili Camp ထိန်းသိမ်းရေးစခန်းသို့ သွားရောက်ကာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြား

၂၀-၁-၂၀၂၂ရက်နေ့တွင် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအရာရှိနှင့် တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ  Bukit Jaili Camp ထိန်းသိမ်းရေးစခန်းသို့ သွားရောက်ကာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား တွေ့ဆုံစစ်ဆေးခြင်းနှင့်    အားပေးစကားများပြောကြားခဲ့ပြီး အထောက်အထား ပြည့်စုံသူ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့  အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သံရုံးမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။