မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ACD အဖွဲ့ (၂၃)နှစ်ပြည့်အခမ်းအနားသို့ ပါဝင်ဆင်နွှဲ (၁-၇-၂၀၂၅ ရက်)

(၁-၇-၂၀၂၅ ရက်၊ကူဝိတ်)

အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖက်အဖွဲ့ (Asia Cooperation Dialogue-ACD) ဖွဲ့စည်း တည်ထောင်သည့် (၂၃)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲတစ်ရပ်ကို ACD အတွင်းရေးမှူးရုံးမှ ဦးဆောင်၍ ကူဝိတ်မြို့ Crown Plaza Hotel တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ ကျင်းပပြု လုပ်ခဲ့ရာ ACD အဖွဲ့ဝင်နိုင်ငံ(၃၅)နိုင်ငံ၏သံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ကူဝိတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအထိမ်းအမှတ်ဧည့်ခံပွဲ၌ ACD အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကို လည်းပြသခဲ့ရာ မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ယဉ်ကျေးမှုပြခန်းတစ်ခု ခင်းကျင်းပြသခဲ့ပါသည်။ မြန်မာနိုင်ငံသည် ACD စတင်ဖွဲ့စည်းသည့် မူလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စတင် တည်ထောင်သည့် ၂၀၀၂ခုနှစ်ကတည်းက အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများ၌ တက်ကြွစွာပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။ 

*******************