မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ဩစတြေးလျနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Ms. Nooraslena Sallehuddin အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံ (၁၅-၆-၂၀၂၆၊ ကင်ဘာရာ)

မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Ms. Nooraslena Sallehuddin အား ၁၅-၆-၂၀၂၆ ရက်၊ တနင်္လာနေ့၊ နံနက် ၁၁:၀၀ နာရီတွင် မြန်မာသံရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အပြန်အလှန်အထောက်အပံ့ပြုမှုတို့ကို အခြေခံ၍ ဘရူနိုင်းသံရုံးမှ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၌ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်ကာလ အတွင်းအပါအဝင် မြန်မာသံရုံးနှင့် ဘရူနိုင်းသံရုံးတို့အကြား ပိုမိုနီးကပ်စွာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရေးတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။