မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ဩစတြေးလျ နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည့် H.E. Mr. NOM Piseth အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံ

(၂၄-၄-၂၀၂၆ ရက်၊ ကင်ဘာရာ)

မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည့် H.E. Mr. NOM Piseth အား ၂၃-၄-၂၀၂၆ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် မြန်မာသံရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးအပေါ် အခြေခံ၍ မြန်မာသံရုံးနှင့် ကမ္ဘောဒီးယားသံရုံးတို့အကြား အပြန်အလှန်နားလည်မှုဖြင့် အစဉ်အဆက် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးအခြေအနေများ၊ သံရုံးကောင်စစ်ရေးရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းမှ H.E. Mr. NOM Piseth အား မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ပါသည်။