မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင်က စင်ကာပူနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံမဟာမင်းကြီး H.E. Datin Paduka Anizan Siti Hajjar Adnin အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် စင်ကာပူမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့အပေါ် ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


