ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဝင်းသူထက်မှ ကျူးဘားနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Pho Sam Ang အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် မြန်မာသံရုံး၊ ဟာဗားနားမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် သမိုင်းကြောင်းအရ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော ကဏ္ဍရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ကျူးဘားနိုင်ငံနှင့် ပတ်သက်ပြီး အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် မူဝါဒရေးရာ ကိစ္စရပ်များတို့ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



