(၂၂-၄-၂၀၂၆ ရက်၊ ဆိုးလ်) ၂၁-၄-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) ၌ကျင်းပသော ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့အစည်းအဝေး (Trade and Investment Working Group) အစည်းအဝေးသို့ မြန်မာသံရုံးမှ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် AKC-TIU ဌာနအကြီးအကဲမှ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှလည်း နိုင်ငံအလိုက်ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ ASEAN-Korea Center၏ Trade and Investment Working Group အစည်းအဝေးသို့ ပါဝင်တက်ရောက်

