မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲ အခမ်းအနား တို့သို့တက်ရောက်

(၁၁-၃-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၁-၃-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် UN Women Knowledge and Partnerships Center ကကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားနှင့် ၎င်းနေ့ညနေပိုင်းတွင် ပြုလုပ်သည့် အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

2026 International Women Day အခမ်းအနားကို “Rights, Justice, Action for All Women and Girls” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မတူကွဲပြားသည့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် တရားမျှတမှုရရှိရေး ပိုမိုအားကောင်းလာစေရန်အတွက် ခိုင်မာသော လုပ်ဆောင်ချက်များနှင့် တာဝန်ခံမှုများမှတစ်ဆင့်တန်းတူညီမျှအခွင့်အရေး တိုးတက်ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ACS ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စင်ကာပူသံအမတ်ကြီး H.E. Wong Kai Jiun က ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Tanee Sangrat ထံသို့ အာဆီယံကော်မတီ (ဆိုးလ်) ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်းပေးခဲ့ပါသည်။

ဆိုးလ်မြို့အခြေစိုက် ထိုင်းသံရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အာဆီယံကော်မတီ (ဆိုးလ်) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများက နိုင်ငံအက္ခရာစဉ်အလိုက် (၆) လစီထမ်းဆောင်ရခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် စင်ကာပူသံအမတ်ကြီးက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။