မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့အား သွားရောက်တွေ့ဆုံ

(၆- ၁- ၂၀၂၆ ရက်၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Xie Feng နှင့် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Alexander N. Darchiev တို့အား ၅-၂-၂၀၂၆ ရက်နှင့် ၆-၂-၂၀၂၆ ရက်များတွင် သက်ဆိုင်ရာ သံရုံးများသို့ အသီးသီးသွားရောက် တွေ့ဆုံမိတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။