(၂၇-၁-၂၀၂၆ ရက်၊ ရောမ)
အီတလီဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးစိုးသက်နောင်သည် အီတလီနိုင်ငံဆိုင်ရာ သံတမန်နာယကဖြစ်သူ Apostolic Nuncio H.E. Mons. Petar Rajic နှင့် အီတလီနိုင်ငံ ရောမမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများကို ဇန်နဝါရီလအတွင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်အတွင်း သံတမန်အသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ရောမမြို့ အခြေစိုက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရောမကော်မတီ လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံတမန်နာယကနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ မေးမြန်းသော မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ၂၃-၁-၂၀၂၆ ရက်တွင် ရောမမြို့အခြေစိုက် ဖိလစ်ပိုင်သံရုံး၌ ကျင်းပသော ရောမမြို့ အာဆီယံကော်မတီ (ASEAN Committee in Rome – ACR) (၈၂) ကြိမ်မြောက် သံအမတ်ကြီးများ အဆင့်အစည်းအဝေးနှင့် ရောမမြို့အာဆီယံကော်မတီဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပါသည်။




