(၆-၁-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၅-၁-၂၀၂၆ ရက် (တနင်္လာနေ့) ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Gourangalal Das အား ၎င်းသံရုံးသို့သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုသို့သွားရောက်တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ နှစ်နိုင်ငံကြား အိမ်နီးချင်းနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိလုပ်ဆောင်နေသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပါအဝင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ဆိုးလ်မြို့တွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီးနှင့်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

