(၂၇-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dato’ Mohd Zamruni KHALID FERNANDEZ အား ဆိုးလ်မြို့ရှိ မလေးရှားသံရုံးသို့ သွားရောက်တွေ့ ဆုံနှုတ်ဆက်ခဲ့ပါသည်။
ယင်းသို့သွားရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုများဖြင့် သံတမန် ဆက်ဆံရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးအား မလေးရှားနိုင်ငံမှ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို အလေးပေးပြောကြားခဲ့ပါသည်။
သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ပိုင်းတွင်လည်း ဆိုးလ်မြို့အခြေစိုက် သံတမန်နာယကဖြစ်သူ မော်ရိုကိုသံအမတ်ကြီး H.E. Chafik Rachadi အား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ကြောင်း သိရှိရပါသည်။



