(၂၆-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်အား ၂၄-၁၁-၂၀၂၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Bernadette Therese FERNANDEZ မှ မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့လာရောက်တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ နှစ်နိုင်ငံအကြား ခိုင်မာသောချစ်ကြည်ရင်းနှီးမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လိုကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံဥက္ကဋ္ဌရာထူးအား “Navigating Our Future Together” ဆောင်ပုဒ်ဖြင့် ထမ်းဆောင်သွားမည်ဖြစ်သည့်အတွက် အားလုံးပါဝင်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို အလေးပေးပြောကြားခဲ့ပါသည်။
ထို့နောက် ဖိလစ်ပိုင်သံအမတ်ကြီးမှ ၂၀၂၆ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌရာထူး အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးမှုသည် အလွန်အရေးကြီးပါကြောင်းနှင့် မြန်မာသံအမတ်ကြီးနှင့်လည်း အာဆီယံ ကော်မတီ (ဆိုးလ်) (ASEAN Committee in Seoul) နှင့် အာဆီယံ-ကိုရီးယားဗဟိုဌာန (AKC) တို့မှပြုလုပ်မည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာပြုလုပ်လိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

