မြန်မာသံရုံးယာယီတာဝန်ခံက အာဆီယံ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက် (၄-၈-၂၀၂၅ ရက်)

(၄-၈-၂၀၂၅ ရက်၊ မနီလာမြို့)

မြန်မာသံရုံး၊ မနီလာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုသည် ၄-၈-၂၀၂၅ ရက်နေ့၊ ၁၁:၃၀ နာရီတွင်၊ မနီလာမြို့ Quezon City ရှိ ဖိလစ်ပိုင်တက္ကသိုလ်တွင် ပြုလုပ်သည့် အာဆီယံ အထိမ်းအမှတ် အထူးနေ့လယ်စာစားပွဲ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူတက်ရောက်ခဲ့ပါသည်။ အဆိုပါ နေ့လယ်စာစားပွဲ အခမ်းအနား၌ ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာရေးကော်မရှင် ဥက္ကဌ Dr. Shirley C. Agrupis နှင့် ဖိလစ်ပိုင်တက္ကသိုလ် ဥက္ကဌ Atty. Angelo A. Jimenez တို့မှ တက်ရောက်၍ အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်တက္ကသိုလ်တို့မှတာဝန်ရှိ အဆင့် မြင့် အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါသည်။