(၆−၈−၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၅−၆−၂၀၂၅ ရက်၊ မွန်းလွဲပိုင်း ၂:၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမဆောင်၌ ကွာလာလမ်ပူမြို့အခြေစိုက် ယူဂန်ဒါသံရုံးမှ သံအမတ်ကြီး H.E. Dr. Betty Oyella Bigombe အား လက်ခံတွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ရေးကိစ္စရပ်၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ယူဂန်ဒါနိုင်ငံ၊ Munyonyo မြို့၌ ကျင်းပပြုလုပ်မည့် (၆၃) ကြိမ်မြောက် အာရှ−အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးအဆင့် ပါဝင်တက်ရောက်နိုင်ပါရန် တရားဝင်ဖိတ်ကြားစာကို ယူဂန်ဒါသံအမတ်ကြီးက ကိုယ်တိုင်လက်ရောက် ပေးအပ်ခဲ့ပြီး မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးကလည်း ယူဂန်ဒါသံအမတ်ကြီးထံ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့ပါသည်။

