မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ASEAN Safety and Health Workers Summit 2025 ဖွင့်ပွဲသို့ တက်ရောက် (၄−၈−၂၀၂၅ ရက်)

(ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၊ ၄−၈−၂၀၂၅ ရက်)

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၄−၈−၂၀၂၅ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် ကွာလာလမ်ပူမြို့၊ ကွန်ဗင်းရှင်းစင်တာ၌ မလေးရှားနိုင်ငံ၊ The National Institute of Occupational Safety and Health (NIOSH) မှ ကျင်းပပြုလုပ်သည့် ASEAN Safety and Health Workers Summit 2025 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ မလေးရှားနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီး YB Steven Sim Chee Keong မှ ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံ များမှ မူဝါဒရေးရာ ကျွမ်းကျင်သူများနှင့် စက်မှုလုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။