(၃၁-၇-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၂၈−၇−၂၀၂၅ ရက်၊ နေ့လယ် ၂:၀၀ နာရီတွင် မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ရာဝမ်မြို့ရှိ Devi Shri Karumariamman ဘုရားကျောင်း၏ (၃၈) ကြိမ်မြောက် နှစ်ပတ်လည်ပွဲသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ အဆိုပါနှစ်ပတ်လည်ပွဲသည် တစ်နှစ်တစ်ကြိမ် ကျင်းပဝတ်ပြုသော ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာဝင်များနှင့်အတူ ဒေသခံပြည်သူများကလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဘုရားကျောင်း၏ ဂေါပကအဖွဲ့သည် မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် အရေးပေါ်လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများအား မြန်မာသံရုံးမှတစ်ဆင့် ဆက်သွယ်လှူဒါန်းခဲ့သည့် ဘာသာရေးအဖွဲ့အစည်းလည်းဖြစ်ကြောင်း သိရှိရပါသည်။
************

