မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၃၁−၇−၂၀၂၅ ရက်)

(၃၁−၇−၂၀၂၅ ရက်၊ ကွာလာလမ်ပူမြို့)

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၃၁−၇−၂၀၂၅ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမဆောင်၌ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကာ မြန်မာသံရုံးနှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ မလေးရှားနိုင်ငံ၏ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူများ၏ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုဆိုင်ရာ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်အဖွဲ့ထံ မြန်မာ့ရိုးရာအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

*********