မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ကွာလာလမ်ပူမြို့အခြေစိုက် ဗီယက်နမ်သံရုံးမှ သံအမတ်ကြီးထံ သွားရောက်တွေ့ဆုံ (၁၈−၇ −၂၀၂၅ ရက်)

(ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၊ ၁၈−၇ −၂၀၂၅ ရက်)
 
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/မြန်မာသံအမတ်ကြီးသည် လွန်ခဲ့သော သီတင်းပတ်အတွင်း ကွာလာလမ်ပူမြို့အခြေစိုက် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Dinh Ngoc Linh အား သွားရောက်တွေ့ဆုံနှုတ်ဆက်ကာ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးနောက် ဗီယက်နမ်သံအမတ်ကြီးထံ မြန်မာ့ရိုးရာအမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။