(၃၀−၆−၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/မြန်မာသံအမတ်ကြီးသည် ၃၀−၆−၂၀၂၅ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် ကွာလာလမ်ပူမြို့အခြေစိုက် ဖိလစ်ပိုင်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Maria Angela Abrera Ponce အား သွားရောက်တွေ့ဆုံနှုတ်ဆက်ကာ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးနောက် ဖိလစ်ပိုင်သံအမတ်ကြီးထံ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
***************



