မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ကွာလာလမ်ပူမြို့အခြေစိုက် ထိုင်းသံရုံးမှ သံအမတ်ကြီးထံ သွားရောက်တွေ့ဆုံ (၂၆−၆−၂၀၂၅ ရက်)

 (၂၆−၆−၂၀၂၅ ရက်၊ ကွာလာလမ်ပူ)

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/မြန်မာသံအမတ်ကြီးသည် ၂၆−၆−၂၀၂၅ ရက်၊ မွန်းလွဲပိုင်း ၃:၀၀ နာရီတွင် ကွာလာလမ်ပူမြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Lada Phumas အား သွားရောက်တွေ့ဆုံနှုတ်ဆက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးနောက် ထိုင်းသံအမတ်ကြီးထံ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။