၁။ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ များကြောင့် ကူဝိတ်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ သတိပြုနေထိုင်ကြရန် အောက်ပါအချက်များကို မြန်မာသံရုံး၊ ကူဝိတ်က အသိပေးထုတ်ပြန်ထားပါသည်-
– ကူဝိတ်လေပိုင်နက်အတွင်းသို့ ၂၈-၂-၂၀၂၆ ရက်နေ့တွင် ဒုံးကျည်များဝင်ရောက်လာ သည့်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် တားဆီးပစ်ချခဲ့ကြောင်း ကူဝိတ်တပ်မတော်က သတင်းထုတ်ပြန်ထားသဖြင့် အရေးပေါ်သတိပေးအသံများကို ဂရုစိုက် နားထောင်ပြီး ထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး အသင့်ပြင်ထားကြပါရန်၊
– အရေးပေါ်သတိပေးအသံ အမျိုးအစား(၃)မျိုးရှိပြီး အသံတို/ပြတ် (Intermittent Tone/short bursts)သည် “အန္တရာယ်နီးကပ်လာသည်”ကို သတိပေးခြင်းဖြစ်ပြီး၊ အသံလှိုင်းပုံစံအသံ Wave-like Tone (rising/falling pitch) သည် “အန္တရာယ်ကျရောက်နေသည်”ကို သတိပေးခြင်းဖြစ်ပါသည်။ ထို့နောက် ဆက်တိုက်အသံ (Continuous Tone /steady sound) “အန္တရာယ်ပြီးဆုံးသွားပြီ”ကို အသိပေးခြင်းဖြစ်သည်ကို သိရှိထားနိုင်ပါရန်၊
– သတိပေးအသံများကို ကွဲပြားစွာမသိရှိပါက အောက်ပါ link များတွင် ဝင်ရောက် နားဆင်လေ့လာမှတ်သားနိုင်ပါရန်၊
– Warning (သံတို/ပြတ်) www.youtube.com/watch?v=Pib2Y0np8NM
– Danger (အသံလှိုင်း) www.youtube.com/watch?v=SfrvTIrdORw&t=33s
– All clear(ဆက်တိုင်အသံ) www.youtube.com/watch?v=wOizfz4UH3I&t=33s
– အရေးပေါ်အခြေအနေတွင် လိုက်နာရမည့်အချက်များကို အောက်ပါ link တွင် ရယူ ဖတ်ရှု့လေ့လာထားနိုင်ပါရန်၊
http://www.moi.gov.kw/…/rescue-operations-during…
– ကူဝိတ်အစိုးရ website နှင့် မြန်မာသံရုံး Facebook တို့မှ ထုတ်ပြန်သော သတင်းများကို ပုံမှန်စောင့်ကြည့်ကြပါရန်၊
– အလုပ်ချိန်အတွင်းဖြစ်ပါက မိမိတို့အလုပ်မှ ညွှန်ကြားသည် အရေးပေါ်လုံခြုံရေးဆိုင်ရာချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန်၊
– မိမိတို့၏ နိုင်ငံကူးလက်မှတ်၊ Civil ID၊ အရေးကြီးစာရွက်စာတမ်းများ၊ ရေနှင့်အစားအစာများ၊ ဖုန်း၊ ဆေးဝါးများ၊ Power Bankအဝတ်အစားများ နှင့်ကိုယ်ပိုင်အသုံးအဆောင်များကို စုစည်းပြင်ဆင်ထားရှိကြပါရန်၊
– အရေးမကြီးသော သွားလာမှုများကို မပြုလုပ်ကြပါရန်နှင့် သွားလာနေချိန် အရေးပေါ် သတိပေးအသံထွက်ပေါ်လာပါက နီးစပ်ရာတွင် အကာအကွယ်ရယူနေထိုင်ရန်၊ အကာအကွယ်မရှိပါက မြေပြင်တွင်ထိခိုက်မှုမရှိအောင် အကာအကွယ်ယူရန်၊
– အရေးပေါ်အကူအညီလိုအပ်ပါက ကူဝိတ်ပြည်ထဲရေးဝန်ကြီးဌာန Hot Line နံပါတ် ၁၁၂ သို့မဟုတ် မြန်မာသံရုံး၏ ဖုန်း +965 965 6039 5031၊ +965 6584 0789၊ + 965 2524 0736 နှင့် အီးမေးလ် myankuwait11@gmail.com တို့သို့ ဆက်သွယ်ကြပါရန်၊
၃။ လက်ရှိတွင် ကူဝိတ်၌ လုံခြုံရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး တာဝန်ရှိသူများက သတိအနေအထားဖြင့် အခြေအနေကိုစောင့်ကြည့်ကာ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသည့်အတွက် အစိုးရထုတ်ပြန်ချက်များကိုသာ သတိပြုလိုက်နာကြရန်၊ သတင်းမှားများ၊ အတည်မပြုနိုင်သည့် သတင်းများကိုဖြန့်ဝေခြင်းမပြုရန် သံသယဖြစ်ဖွယ်ကိစ္စများရှိပါက သို့မဟုတ် အရေးပေါ်အကူအညီလိုအပ်ပါက ဖုန်းအမှတ် ၁၁၂ သို့ အရေးပေါ်ဆက်သွယ်နိုင်ပါ ကြောင်း ကူဝိတ်ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်ကိုလည်း အသိပေး ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ ကူဝိတ်မြို
၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်

