(၂၇-၈-၂၀၂၅ ရက်၊ တိုကျို)
မြန်မာသံရုံး၊ တိုကျိုမြို့မှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၆) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာသံရုံး၊ တိုကျိုမြို့ ဆာကူရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား အာဆီယံကော်မတီ(တိုကျို) ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှား မှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံကော်မတီ(တိုကျို)နှင့် နိပွန်ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ Mr. Takashi Arikawa တို့အကြား Dinner Talk ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် Mr. Takashi Arikawa မှ အာဆီယံ နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသော နိပွန်ဖောင်ဒေးရှင်း၏ စီမံကိန်းများ၊ ကူညီ ထောက်ပံ့ပေးလျက်ရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

