မြန်မာသံရုံးတိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး အာဆီယံကော်မတီ (တိုကျို) ACT Golf Tournament 2026 တွင် ပါဝင်ဆင်နွှဲ(၁၉-၆-၂၀၂၆၊ တိုကျို)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-တိုကျို ကော်မတီ (ASEAN Committee in Tokyo-ACT) ၏ နှစ်စဉ်ကျင်းပပြုလုပ်သည့် ACT Golf Tournament 2026 ပြိုင်ပွဲအား ဂျပန်နိုင်ငံရှိ ဗီယက်နမ်သံရုံးမှဦးဆောင်၍ Yamanashi ခရိုင်၊ Tsuru Golf Club ၌ ၁၉-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ ACT Golf Tournament 2026 ပြိုင်ပွဲသို့ တိုကျိုမြို့ရှိအာဆီယံသံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးတာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံမှစီးပွားရေး လုပ်ငန်းရှင်များပါဝင်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ ဂျပန်နိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ထွန်းဦးဆောင်သော မြန်မာအသင်းပါဝင်ဆင်နွှဲခဲ့ပါသည်။


ဆုပေးပွဲအခမ်းအနားတွင် ACT Golf ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံး သံရုံးအသင်းလိုက်ဆု၊ ကစားသမားများ တစ်ဦးချင်းအလိုက် အမျိုးသမီးကစားသမား အကောင်းဆုံးဆု၊ အမျိုးသားကစားသမား အကောင်းဆုံးဆုများ အပါအဝင်ဆုများ ချီးမြှင့်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ အသင်းလိုက်အကောင်းဆုံး တတိယဆုနှင့် အမျိုးသမီးကစားသမား အကောင်းဆုံးဆုကို ရရှိခဲ့ပါသည်။