မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း(၁/၂၀၂၅)  သင်တန်းသား/သူများ၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပ

(၃၁-၃-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၃၀-၃-၂၀၂၆ ရက် (တနင်္လာနေ့)၊ (၁၈:၀၀) နာရီတွင် နေပြည်တော်ရှိ M-Gallery Hotel၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့်  ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာသံတမန်သင်တန်းကျောင်း အတိုင်ပင်ခံပညာရှင်များအဖွဲ့၊ Naypyitaw State Academy မှ ပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာသင်ကြားရေးအဖွဲ့အဖွဲ့ဝင်များ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြ သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်မှ သင်တန်းဆင်းဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲမှ သင်တန်းသားကိုယ်စားလှယ် (၁)ဦးစီက ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သူများက တက်ရောက်လာသော ဧည့်သည်တော်များကို ညစာသုံးဆောင်နေစဉ်အတွင်း ဖျော်ဖြေရေးအစီအစဉ် များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဖျော်ဖြေရေး အဖွဲ့များထံ ဂုဏ်ပြုပန်းစည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။