မြန်မာသံတမန်သင်တန်းကျောင်းသည် Naypyitaw State Academy တွင် ပြုလုပ်သည့် ပထမအကြိမ် Career Fair & Forum 2025 သို့ ပါဝင်တက်ရောက်ခဲ့ခြင်း (၂၆-၈-၂၀၂၅ ရက်)

(၂၆-၈-၂၀၂၅၊ နေပြည်တော်)

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာသံတမန် သင်တန်းကျောင်း (Myanmar Diplomatic Academy-MDA) သည် ၂၅-၈-၂၀၂၅ ရက်တွင် Naypyitaw State Academy (NSA) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် Career Fair & Forum 2025 သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ MDA နှင့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy –DID) မှ သင်တန်းသား/သူများသည် အဆိုပါအလုပ်အကိုင်ပြပွဲသို့ တက်ရောက်လာသည့် NSA မှ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/သူများအား MDA မှ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် DID သင်တန်းနှင့် ပတ်သက်၍ နားလည်သိရှိစေရန် ရှင်းလင်းမျှဝေခဲ့ကြောင်း သိရှိရပါသည်။