(၁၂-၈-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာသံတမန် သင်တန်းကျောင်း(Myanmar Diplomatic Academy–MDA) နှင့် Naypyitaw State Academy (NSA) တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲ (Academic Seminar) တစ်ရပ်ကို ၁၂-၈-၂၀၂၅ ရက် (အင်္ဂါနေ့) နံနက် ၁၀၀၀ နာရီတွင် Naypyitaw State Academy ၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးဟောပြောပွဲ၌ ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ Dr. Kim Tae Hyun က Non-Alignment 3.0: Myanmar’s Foreign Policy in a Reshuffling World ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ NSA မှ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ဆရာ/ ဆရာမများနှင့် NSA မှ ကျောင်းသား/ကျောင်းသူများ၊ MDA သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း(DID) နေပြည်တော်တန်းခွဲမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၆၀) ဦး ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲ၌ Dr. Kim Tae Hyun က ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

