(၁၅-၅-၂၀၂၅ ရက်၊ ဒါကာ)
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် စစ်တကောင်းဒေသမှ သံဃာတော် ၂ ပါး နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေ တာကာ ၁၀၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ) ကို မြန်မာသံရုံး ၊ ဒါကာမြို့သို့၁၅-၅-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

