မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် ငွေလှူဒါန်းမှုများအား ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူ (၁၃-၅-၂၀၂၅ ရက်)

(၁၃-၅-၂၀၂၅ ရက်၊ ဆိုးလ်)

မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အားရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်း ထန်သော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်စီးဆုံးရှုံးမှုူများ ဖြစ် ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံရှိ The Dongsin Presbyterian Church မှ ကိုရီးယားဝမ် နှစ်သန်းတိတိ (ဝမ် ၂,၀၀၀,၀၀၀/-)အား မြန်မာသံရုံး၊ ဆိုးလ် မြို့သို့ ၁၃-၅-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။