(၈-၅-၂၀၂၅ ရက်၊ ဒါကာ)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ငလျင် ဘေးသင့် ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် Bandarban မြို့ရှိ The World Buddha Sasana Sevaka Sangha မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၅၃၈ ခန့်)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၈-၅-၂၀၂၅ ရက်တွင်လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူး တင် စကားပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

