(၇-၅-၂၀၂၅ ရက်၊ ဟောင်ကောင်)
မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ဟောင်ကောင်မြို့ရှိ Centurion Ministries International Limited မှ ၂-၅-၂၀၂၅ ရက်တွင် ဟောင်ကောင်ဒေါ်လာ ၂၀၀,၀၀၀/- ကို လည်းကောင်း၊ EGL Tour Company Limited ၏ကိုယ်စား Ms. Christina H. Y. Yuen, Executive Director မှ ၇-၅-၂၀၂၅ ရက်တွင် ဟောင်ကောင်ဒေါ်လာ ၁၀၀,၀၀၀/- ကိုလည်းကောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ ကောင်စစ်ဝန်ချုပ်၊ ဦးဟန်ဝင်းနိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။အဆိုပါ လှူဒါန်းငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့် ပြည်သူများကို ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

