(၄-၅-၂၀၂၅ ရက်၊ ဒါကာ)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဘေးသင့် ပြည်သူ များ အတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ တွင် အထောက်အပံ့ဖြစ်စေရန် ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ အများ စုပေါင်းလှူဒါန်းငွေ တာကာ ၁,၃၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၅၃၉ ခန့်)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၄-၅-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ် ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

