(၃၀-၄-၂၀၂၅ ရက်၊ ဆိုးလ်)
မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရစ်(ခ်ျ)တာစကေး (၇.၇) အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားရှိ ငလျင်ဘေးသင့် ပြည်သူများ အတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံရှိ Bo Myung Sa သီလရှင်ကျောင်းတိုက်ဆရာတော် Venerable Sang Won မှ ကိုရီးယားဝမ် သုံးသန်း (ဝမ် ၃,၀၀၀,၀၀၀) အား မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၃၀-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုအား မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

