(၁၃-၇-၂၀၂၅ ရက်၊ ဒါကာမြို့)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းမှ လှူဒါန်းငွေ တာကာ ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၆၀၀ ခန့်)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၁၃-၇-၂၀၂၅ ရက်တွင် လာရောက် လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ထပ်မံအသိပေး ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

