(၁၉-၆-၂၀၂၅ ရက်၊ ဆိုးလ်)
မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အားရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၁၉-၆-၂၀၂၅ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံရှိ Hwashin Industrial Company Limited က ကိုရီးယားဝမ် သုံးသန်းတိတိ (ဝမ် ၃,၀၀၀,၀၀၀/-) အား မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
***************

