မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းမှုများအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူ (၁၂-၆-၂၀၂၅ ရက်)

(၁၂-၆-၂၀၂၅ ရက်၊ ဆိုးလ်)

မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အားရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၁၁-၆-၂၀၂၅ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံရှိ Bul Kwang Sa Temple ၊ Jogye Order of Korean Buddhism မှ Venerable Cheong Bong က ကိုရီးယားဝမ်တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀/-) ကိုလည်းကောင်း၊ ၁၂-၆-၂၀၂၅ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Yu Jeong Sa Temple မှ Venerable In Hyang က ကိုရီးယားဝမ်တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀/-) ကိုလည်းကောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အဆိုပါလှူဒါန်းငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

***************